Sunday, November 20, 2016

ဘောရဘာ ရွံ့မီးတောင်

12/6/2011
ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ရှိသော ဘောရဘာ ရွံ့မီးတောင်မှာ နိုဝင်္ဘာလ ၂၆ ရက်နေ့က ပေါက်ကွဲခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ မီးတောင်မှာ ဘောရဘာကျေးရွာနှင့် တမိုင်ခန့်အဝေးတွင် တည်ရှိပြီး ၁၉၉၀ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၀ ခုနှစ်က တစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယခု ပေါက်ကွဲမူမှာ တတိယ အကြိမ်ဖြစ်ပြီး အသံများ မြည်ဟီးကာ ရွံ့ရည်များကို မီးတောင်နုတ်ခမ်းမှ မူတ်ထုတ်ခဲ့သည်ဟု မျက်မြင် ရွာသားများက ပြောသည်။

မီးတောင် ပေါက်ကွဲရာကို သွားကြည့်ခဲ့သူ လူငယ် တစ်ဦးက ဘောရဘာ ရွာသားများကို ကိုးကားပြီး မီးတောင် ပေါက်ကွဲပုံကို ယခုလို ပြောသည်။

" ရွာသားတွေ ပြောတာက နိုဝင်္ဘာလ ၂၆ ရက်နေ့ နံနက် ၇နာရီမှာ စပေါက်ကွဲတယ်။ အသံတွေ မြည်ဟီးပြီး ရွံ့ရည်တွေကို တွင်းဝကနေ အမြင့်ပေ ၂၀ လောက်ထိ မူထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲ သံကတော့ ၂ ကြိမ် ကြားရတယ်လို့ ပြောပါ တယ်။ ဒုတိယ အကြိမ်ကတော့ မွန်းလွဲပိုင်း ပေါက်ကွဲ တာဖြစ်တယ်။ ရွံ့ရည်တွေက အမြင့် ၁၀ ပေထိ မြင့်တက်ခဲ့ပါတယ်။ ညနေ ၅ နာရီခန့်မှာ ငြိမ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။"

မီးတောင် ပေါက်ကွဲမူကြောင့် ရွံ့ရည်များက အနီးပတ်ဝန်းကျင်ရှိ နေရာ အတော်များများကို ဖုံးလွှမ်းသွားခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့ နယ်တွင် ရွံ့မီးတောင် အများအပြား တည်ရှိပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီ လကလည်း စိုင်ခြုံ ကျေးရွာ အနီးရှိ နဂါး ကြီး မီးတောင် မိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့ပြီး ရွှံရည်များကို ပေ ၁၀၀ ခန့် အမြင့်ထိ မူတ်ထုတ် ခဲ့ကြောင်း သိရသည်။ မီး တောက် မီးလျှံမျာလည်း ပေ ၄၀၀ ခန့်မြင့်တက်ခဲ့ပြီး မီးတောင်ပေါက်ကွဲ မှုကြောင့် စပါးစိုက် လယ် (၂) ဧကထိ ချော်ရည် ဖုံးလွှမ်းကာ ပျက်စီး သွားခဲ့သည်။

အဆိုပါ နဂါးတောင် မီးတောင်သည် ၁၉၉၆ ခုနှစ်ကလည်း တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး မီးတောင်မှ ချော်ရည်များ ပန်းထွက်လာကာ လယ်မြေ ဧက ၄၀ ကျော် ပျက်စီးစေခဲ့ကြောင်း သိရသည်။

Ref: နိရဉ္စရာ
ဝိမုတ္တိ at 12:18 PM

ဆန်ဂေးမီးတောင် - အီကွေဒေါ

ဆန်ဂေးမီးတောင် - အီကွေဒေါ (၅၂၃၀ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၁၉၃

ရိဇ် မီးတောင် - ကိုလံဘီယာ

ရိဇ် မီးတောင် - ကိုလံဘီယာ (၅၃၂၁ မီတာ) - နောက်ဆံုးပေါက်ကွဲမှု = ၁၉၉

ပိုပိုကက်တီပက် မီးတောင် - မက္ကစီကို

ပိုပိုကက်တီပက် မီးတောင် - မက္ကစီကို (၅၄၂၆ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၂၀၁

လက်စ်ကာ မီးတောင် - ချီလီ

လက်စ်ကာ မီးတောင် - ချီလီ (၅၅၉၂ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၂၀၀

ဆစ်တလယ်တီပက် မီးတောင် - မက္ကဆီကို

ဆစ်တလယ်တီပက် မီးတောင် - မက္ကဆီကို (၅၆၃၆ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၁၈၄

အယ်လ်မစ်စ်တီမီးတောင် - ပီရူး

အယ်လ်မစ်စ်တီမီးတောင် - ပီရူး (၅၈၂၂ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၁၉၈

ကီလီမန်ဂျာရိုမီးတောင် - တန်ဇန်နီးယား

ကီလီမန်ဂျာရိုမီးတောင် - တန်ဇန်နီးယား (၅၈၉၅ မီတာ) 

ကိုတိုပက်ဇီမီးတောင် - အီကွေဒေါ

ကိုတိုပက်ဇီမီးတောင် - အီကွေဒေါ (၅၈၉၇ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၁၉၄

တူပန်ဂါတီတို မီးတောင် - ချီလီ

 ၂။ တူပန်ဂါတီတို မီးတောင် - ချီလီ (၆၀၀၀ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၁၉၈

ဂွာလက်တီရီမီးတောင် - ချီလီ

ကမ္ဘာ့အမြင့်ဆုံး မီးတောင်ကြီးများ
၁။ ဂွာလက်တီရီမီးတောင် - ချီလီ (၆၀၇၁ မီတာ) - နောက်ဆုံးပေါက်ကွဲမှု = ၁၉၆

နယူးဇီလန် မီးတောင်

Sunday, August 19, 2012
နှစ် ၁၀၀ ကျော်ငြိမ်သက် နေသော နယူးဇီလန် မီးတောင် ရုတ်တရက် ပေါက်ကွဲ

 
နယူး ဇီလန်နိုင်ငံ၏ မြောက်ကျွန်းပေါ်တွင် တည်ရှိသော မောင့်ကွန်ဂါရီယို မီးတောင်သည် ၁၈၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ထပ်မံပေါက်ကွဲခဲ့ကြောင်း မီးတောင်များကို စောင့်ကြည့်သော အစိုးရ GNS သိပ္ပံဌာနက ပြောကြားသည်။
အဆိုပါဒေသမှ မျက်မြင်သက်သေများ၏ ပြောပြမှုအရ “The Lord of the Rings” ရုပ်ရှင်အတွက် နောက်ခံရှုခင်းများ ရိုက်ကူးခဲ့ရာတောင်တွင် မီးတောက်များကဲ့သို့ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး တောင်ဘေးနံရံ အပေါက်သစ်တစ်ခုမှ ပြာမှုန်များ အလုံးလိုက် တက်လာခဲ့ကြောင်း သိရသည်။ “ကျောက်တုံးတွေ လွင့်ထွက်လာတယ်။ မိုးကြိုးလျှပ်စီးတွေလက်ပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်လိုက်သလိုပဲ” ဟု ဒေးဗစ်ဘန်းနက်ဆိုသူ ဒေသခံက ပြောကြားသည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မီးတောင် ပေါက်ကွဲမှုကြောင့် ချော်ရည်စီးဆင်းမှု မရှိခဲ့သော်လည်း ပြာမှုန်များ လေထဲသို့ ပေပေါင်း ၂၀,၀၀၀ ခန့်အထိ လွင့်တက်ခဲ့၍ ပြည်တွင်းလေယာဉ် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရကြောင်း အရပ်ဘက် ကာကွယ်ရေးဌာနက ပြောသည်။ ဒေသခံများအား မိမိတို့၏ နေအိမ်များတွင် တံခါးပိတ်နေရန် အရပ်ဘက် ကာကွယ်ရေးက ပြောကြားထားသော်လည်း တွန်ဂါရီယို မီးတောင်သည် အချက်ပြခြင်းမရှိဘဲ အချိန်မရွေး ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ အဆိုပါမီးတောင်မှာ ပေါက်ကွဲမှု မဖြစ်ပေါ်ခင် မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့သောကြောင့် ၎င်းတို့ကို အံ့အားသင့်သွားစေခဲ့ကြောင်း မီးတောင် ပညာရှင်များက ပြောကြားသည်။ ဝန်ကြီးချုပ် ဂျွန်ကီးကလည်း အာဏာပိုင်များ အနေဖြင့် အခြေအနေကို စောင့်ကြည့်နေသည်ဟု ပြောသည်။
Ref:AFP

အင်ဒိုနီးရှားမှ အန္တရာယ်အကြီးဆုံး မီးတောင်

အင်ဒိုနီးရှားမှ အန္တရာယ်အကြီးဆုံး မီးတောင် ..
ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး မီးတောင်တစ်လုံးအဖြစ် တည်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံမှ ကရာကာတိုဝါမီးတောင် တစ်ကျော့ပြန်လှုပ်ရှားပြီး လိမ္မော်ရောင် မီးချော်ရည်များ စီးကျနေသည်ကို အဝေးမှ တွေ့မြင်ရပုံ။

မီးခိုးအူထွက်နေသည့် ချိန်ကိုက်ဗုံးဟု တင်စားခေါ်ဝေါ်ကြသည့် အဆိုပါမီးတောင်သည် အမြင့်ပေ (၁၂၀၀)ကျော်မြင့်ပြီး လွန်ခဲ့သော (၁၂၆)နှစ်ကကဲ့သို့ ကမ္ဘာတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစေလောက်သည့်
ပေါက်ကွဲမှုကြီးမျိုး နောက်တစ်ကြိမ် ဖြစ်လာမည်ကို ပညာရှင်များကစိုးရိမ်နေသည်။

ထိုမီးတောင်သည် (၁၈၈၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ မြို့ရွာ(၁၆၅)ခု ပျက်စီးပြီး လူပေါင်း(၃၆၀၀၀)ကျော် အသက်ဆုံးရှုံးကာ မီးတောင်ပေါက်ကွဲမှုကြောင့် ရာသီဥတု ဖောက်ပြန်မှုကို (၅)နှစ်မျှ ကြုံတွေ့ခဲ့ရသည်။ ကျွမ်းကျင်သူများက ထိုစဉ်က ပေါက်ကွဲခဲ့သည့် ပြင်းအားသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်တို့ ကြဲချခဲ့သည့် နျူကလီးယားဗုံးထက် အဆ(၁၃၀၀၀)ထိ ပိုပြင်းကြောင်း တွက်ချက်ဖော်ပြထားသည်။

ထိုမီးတောင် ပေါက်ကွဲမှုကို ကရာကာတိုဝါကျွန်းနှင့် (၇)မိုင်အကွာမှ ဂျာမန်သင်္ဘော အဲလိဇဘက်က တွေ့ရှိခဲ့ပြီး ချော်ရည်နှင့်ပြာများသည် ကောင်းကင်သို့ (၂)မိုင်မျှအထိ မြင့်မားစွာ ထိုးတက်သွားကြောင်း ကမ္ဘာသို့ အစီရင်ခံခဲ့သည်။ မီးတောင်ပေါက်ကွဲသည့် အသံကို မိုင်(၁၉၀၀)ဝေးသည့် ဩစတြေးလျနိုင်ငံ ပါ့သ်မြို့နှင့် မိုင်ပေါင်း(၄၅၀၀)ကျော်ဝေးသည့် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တို့မှ ကြားခဲ့ရသည်။

(၁၉)ရာစု၏ အဆိုးရွားဆုံး ပေါက်ကွဲခဲ့သော မီးတောင်တစ်ခုဖြစ်သည့် ကရာကာတိုဝါသည် ရာစုနှစ် (၂)ခုကို ကြုံဆုံခဲ့ပြီးနောက် ယခုအခါ ပြန်လည်အသက်ဝင်ကာ ချော်ရည်များ စီးထွက်လျက်ရှိပြီး လိမ္မော်ရောင် တောက်ပသည့် မီးရဲရဲ ကျောက်ရည်ပူများအား အဝေးမှပင် မြင်နိုင်သည်။ မီးတောင်သည် (၂၀၀၇)ခုနှစ်က တစ်ကြိမ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ငြိမ်သက်ခဲ့သဖြင့် ကျွန်းသားများက စိုးရိမ်စိတ် လျော့နည်းနေသော်လည်း ယခုအခါ ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်သည်။

ထိုမီးတောင်သည် မူလက (၂၆၆၇)ပေ မြင့်သော်လည်း မီးတောင်ပေါက်ကွဲစဉ် ပင်လယ်ရေမျက်နှာပြင်အောက်သို့ ပေပေါင်း(၈၂၀) ကျွံဝင်သွားခဲ့သည်။ မှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုကြောင့် ပေ(၁၃၀)မြင့်သည့် ဆူနာမီ ရေလှိုင်းကြီးများလည်း ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။

ကိုလူလည် at 04:52

ကမ္ဘာ ( Earth ) - ၁

ကမ္ဘာ ( Earth ) - ၁
နေမင်းကြီးကနေ ကီလိုမီတာ သန်း ၁၅၀ လောက် အကွာမှာတော့ မယုံကြည်နိုင်လောက် အောင် ပြည့်စုံကောင်းမွန်တဲ့ ဂြိုဟ်တစ်လုံး ရှိပါတယ်။ သူကတော့ လှပတဲ့ အပြာနုရောင် စက်လုံး တစ်ခု ဖြစ်တဲ့ ကျနော်တို့တွေ အားလုံးရဲ့ အိမ်ပါ။ နေမင်းကနေ တွက်ရင် သုံးခုမြောက် ဂြိုဟ်၊ ပထမဆုံး ဂြိုဟ်ရံလ ပိုင်ဆိုင်တဲ့ ဂြိုဟ်၊ ကျနော်တို့ရဲ့ ကမ္ဘာပဲပေါ့။ ကျနော်တို့ရဲ့ ကမ္ဘာပေါ်မှာ ရေတွေ လည်ပါတ် စီးဆင်း ပါတယ်။ ကျနော်တို့ ကမ္ဘာမှာ သမုဒ္ဒရာတွေ ရှိပါတယ်။ ရေခိုးရေငွေ့ တိမ်တိုက်တွေနဲ့ လေထုကြီးလဲ ရှိပါတယ်။ ရေခဲပြင်တွေလဲ ရှိပါတယ်။ ရေမရှိ၊ ခြောက်သွေ့ တဲ့ ကန္တာရတွေ ရှိသလို အသက်ဇီဝ အများအပြား ပေါက်ဖွားတဲ့ နေရာတွေလဲ ရှိပါတယ်။ အခုချိန်အထိ သိထားရသလောက် ကမ္ဘာဆိုတာ အသက် ဇီဝ ဖြစ်တည်ရာ တစ်ခု တည်းသော ဂြိုဟ်ပါပဲ။ အဲဒီ အသက် ဇီဝကပဲ ကမ္ဘာမြေကို ထူးခြားစေတာပါ။ ကမ္ဘာရယ်လို့ စဖြစ်ကာစကတော့ ဘာအသက်ဇီဝမှ မရှိခဲ့သလို ဘာရေမှလည်း မရှိပါဘူး။ နှစ်သန်း ၄၅၀၀ လောက်က လေးလံတဲ့ အရာဝတ္ထုတွေဟာ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းအနှစ်အဖြစ် စပြီးဖွဲ့စည်းခဲ့တာပါ။ အတွင်းပိုင်း အနှစ်မှာ သံ နဲ့ နီကယ် တွေ အဓိက ပါဝင်ပါတယ်။ အတွင်းပိုင်း အနှစ်ရဲ့ အပြင်မှာ အပြင်ပိုင်းအနှစ်၊ အဲဒီ အပြင်မှာ အကာပိုင်း ရှိပါတယ်။ အပေါ်က ပုံကတော့ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်း ဖွဲ့စည်း ပုံကို wave တွေလွှတ်ပြီး တိုင်းတာတဲ့ ပုံပါ။ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်း အနှစ်ဟာ သူ့ရဲ့ အပြင်က ပူပြင်းပြီး အရည်ပျော်နေတဲ့ အပြင်ပိုင်း အနှစ်ထဲမှာ ရွေ့လျှားမှု ဖြစ်တဲ့အခါ ကမ္ဘာမြေကြီးရဲ့ magnetic pole တွေရဲ့ တည်နေရာ ပြောင်းလဲ ပါတယ်။ တကယ်လို့ magnetic poles တွေက တောင်နဲ့ မြောက် တည့် ပြောင်းသွားရင်တော့ ငှက်တွေအတွက် ကပ်ဘေးတစ်ခု ကျသလိုပါပဲ။ ပြောင်းလဲသွားတဲ့ magnetic pole တွေနဲ့ အသားကျနေ နိုင်ဖို့ ပြောင်းလဲရပါတယ်။ အပြင်ပိုင်းအနှစ်ရဲ့ ပူပြင်းလှတဲ့ ချော်ရည် တွေဟာ အကာပိုင်းကို ဖြတ်ပြီး ကမ္ဘာ့ မျက်နှာပြင်ကို ထွက်ဖို့ ကြိုးစားပါတယ်။ အဲဒီဖြစ်စဉ် ကြောင့် ကမ္ဘာ့ အပေါ်ရံလွှာရဲ့ မြေမျက်နှာပြင်ဟာ တိုက်ကြီး တွေ အဖြစ် ကွဲထွက် သွားစေပါတယ်။ အဲဒီ ဖြစ်စဉ် အတွက် သက်သေ ပြချက်အဖြစ် သမုဒ္ဒရာတွေရဲ့ ကြမ်းပြင်တွေမှာ ချော်ရည် တွေ အကာပိုင်းကို တိုးထွက်လာလို့ ရွေ့လျှားပြီး တိုက်ကြီးတွေ အဖြစ် ဆက်စပ် ဖွဲ့ စည်းစေတဲ့ ကျောက်ချပ် ကြီးတွေ ထိတွေ့ရာ လမ်းကြောင်းတွေကို တွေ့နိုင်ပါတယ်။ အဲဒီလို ကျောက်ချပ်ကြီးတွေ ဆုံတဲ့ သမဒ္ဒရာ ကြမ်းပြင်တွေမှာ မီးတောင် နဲ့ ဓါတ်ငွေ့တွေ ပန်းထွက် နေတဲ့ နေရာတွေ ရှိတတ် ပါတယ်။ အသက်ဇီဝဆိုတာ အဲလိုနေရာတွေမှာ စဖြစ် တယ်လို့ ယူဆ ကြပါတယ်။ ကုန်းမြေ ပေါ်မှာတော့ အသက်ဇီဝ ဆိုတာ အစိမ်းရောင် အပင်တွေနဲ့ စခဲ့ပါတယ်။ အစိမ်းရောင် အပင်တွေဟာ အောက်ဆီဂျင် တွေ ထုတ်ပေးပြီး အဆိပ် အတောက် အပြည့်နဲ့ လေထုကို အသက်ဇီဝ ရှင်သန်နိုင်တဲ့ လေထု အဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ်။ ကမ္ဘာရဲ့  သမိုင်းဦး အချိန်လောက်က ဓါတ်ငွေ့တွေ အများကြီးနဲ့ သိပ်သည်းဆ မြင့်လာတဲ့ လေထု ကြီးကနေ မိုးကြီး အဆက်အပြတ် ရွာသွန်း ပြီး ရေပြင်ကျယ်ကြီးတွေ ဖြစ်လာခဲ့တာပါတဲ့။ ဒီနေ့မှာတော့ ရေတွေက ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၀% လောက် ဖုံးလွှမ်းထားပြီးတော့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေကို လဲ စုပ်ယူ ထိမ်းသိမ်းထားပါတယ်။
ညကောင်းကင်မှာ ကြယ်စုတွေ ရွေ့လျှားတာကို ကြည့်ပြီး ကမ္ဘာမြေကြီး လည်ပါတ်နေကြောင်းကို လူတွေ စပြီး သတိထားမိကြတာ ဖြစ်ပါတယ်။ နေမင်းကြီးက အရှေ့ကနေ ထွက်ပြီး အနောက်ကို ၀င်တယ်။ ဒါပေမယ့် နေ ကိုယ်တိုင်က ကမ္ဘာကို ပတ်နေတာ မဟုတ်ပဲ ကမ္ဘာမြေကြီးက ကိုယ့် ၀င်ရိုးပေါ်မှာ လည်ပါတ်နေတာ ဖြစ်ပါတယ်။ ၂၄ နာရီမှာ တပတ်ပြည့်တဲ့ အဲဒီ လည်ပတ်မှုကြောင့် နေ့ရယ် ညရယ် ဆိုပြီး ဖြစ်လာခဲ့တာပါ။ တကယ်လို့ ကမ္ဘာက နေကို တည့်တည့်မတ်မတ် မျက်နှာမူပြီး လည်နေခဲ့တာ ဆိုရင်တော့ နေ့တာ ညတာ အချိန်က အတူတူပဲ ဖြစ်မှာပါ။ ဒါပေမယ့် ကမ္ဘာက ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းပြီး လည်ပါတ်နေတာ ဖြစ်တော့ အချိန် ကာလနဲ့ နေရာဒေသကို လိုက်ပြီး နေ့တာ ညတာ ကွာခြားမှုကို ဖြစ်စေပါတယ်။ ရာသီဥတု ဆိုတာလည်း အဲဒီလို တိမ်းစောင်း မှုကြောင့် ပေါ်လာတာ ဖြစ်ပါတယ်။ နေကို တစ်ပါတ်ပါတ်မိတဲ့ အချိန်က တစ်နှစ်ပါပဲ။ ကမ္ဘာက နေကို ပါတ်နေပုံကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မယ်ဆိုရင် ရာသီ ပြောင်းလဲပုံ တွေကို သိနိုင်မှာပါ။ နေရာဒေသ အလိုက် ကမ္ဘာပေါ်ကို ကျတဲ့ နေရောင် ခြည်ဟာ နေ့စဉ် ဒီဂရီ အနည်းငယ်စီ ပြောင်းလဲပါတယ်။ ၆ လအကြာမှာ ပြောင်းလဲမှုရဲ့ လားရာ အမြင့် ဆုံးသို့ ရောက်ရှိပြီးတော့ နောက် ၆လ မှာတော့ ဆန့်ကျင်ဘက် လားရာအတိုင်း ပြန်ပြောင်း လဲပါတယ်။ အဲဒီ အတွက် ကြောင့် ကမ္ဘာ့ မြောက်ဘက်ခြမ်းမှာ ဆောင်းဖြစ်တဲ့ အခါ ကမ္ဘာ့ တောင်ဘက်ခြမ်းမှာ နွေ ဖြစ်နေပါတယ်။ မြောက်ခြမ်းမှာ နွေ ဆိုရင်တော့ တောင်ခြမ်းမှာ ဆောင်းပေါ့

ပုလဲ ၃၅လုံးပါတဲ့ ကမာကောင်.

အံ့ဖွယ်ကောင်းလောက်အောင် ပုလဲ ၃၅လုံးပါတဲ့ ကမာကောင်.

အနောက်ပဲခူးရိုးမမြင့်တက်လာမှု

အနောက်ပဲခူးရိုးမမြင့်တက်လာမှုအား မြေသားနမူနာယူ၍ တရုတ်နိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်နေ
------------------------------------------------------------------------------------------------------

လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာမှ စတင်ကာ အနောက်ပဲခူးရိုးမတောင်တန်း မြင့်တက်လာမှုအပေါ် လာရောက်သုတေသနပြုခဲ့သော တရုတ်ဘူမိပညာရှင်များက မြေသားနမူနာများယူဆောင်သွားပြီး ၎င်းတို့နိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဌ ဦးကြိုင်စိန်က ပြောသည်။

“ Sample တွေ တစ်ခုချင်းစီကိုခွဲပြီး စစ်ရမှာဆိုတော့ အနည်းဆုံးတစ်နှစ်လောက်တော့ ကြာမှာပေါ့” ဟု ဆိုသည်။

မြန်မာ့မြေထုချပ်နှင့် အိန္ဒိယမြေထုချပ်နှစ်ခု ထပ်မိနေခြင်းကြောင့် ပဲခူးရိုးမတောင်တန်းမြင့်တက်လာခြင်းဖြစ်နိုင် သည်ဟု ဘူမိပညာရှင်အများစုက သတ်မှတ်ကြသည်။

အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားရာတွင် “ အသေးစိတ်စမ်းသပ်ပြီးသွားရင်တော့ သူတို့က အဖြေကိုထုတ်ပြန်ရမှာပေါ့” ဟုပြောကြားခဲ့သည်။

အနောက်ပဲခူးရိုးမတောင်တန်းကြီး၏ မြင့်တက်မှုဖြစ်စဉ်အား တရုတ်-မြန်မာ ဘူမိဗေဒပညာရှင်များ ပူးပေါင်းကာ နိုဝင်ဘာလ ၂၀ ရက်မှ စတင်လေ့လာခဲ့ပြီး ပဲခူးရိုးမအနီးတစ်ဝိုက်ရှိ မီးသင့်ကျောက်များ ပေါ်ထွက်လာသည့် အပိုင်းများကို အဓိကထားလေ့လာမှုပြုခဲ့ကြောင်းသိရသည်။
ကိုဇင်မောင်(The Earth

ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ Kanheri Caves

ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ Kanheri Caves
       မေလ ၁၂ ရက် ဒုတိယနေ့မှာတော့ မနက်ပိုင်းမှာ ဦးဂိုအင်ကာ ရဲ့ Global Pagoda ရွှေတိဂုံ ဘုရားကို သွားရောက်ဖူးမျှော်ကြပြီး နေ့လည်ပိုင်းမှာ Sanjay Gandhi National Park အတွင်း ဧရိယာမှာ ရှိနေတဲ့ ခန်ဟီရီ လှိုင်ဂူများ Kanheri Caves ခေါ်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့နယ်မြေကို လေ့လာဖြစ်ခဲ့တယ်။

    တကယ်တော့ ဒီလှိုင်ဂူတွေဟာ အမည်းရောင် ကာလာများ လို့ အဓိပ္ပါယ် ရတဲ့ ကရစ်ရှန ဂီရိ Krishnagiri လို့ ခေါ်တဲ့ ဆန်ဆ ခရစ် Sanskrit ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးပဲဖြစ်တယ်၊
ခနေးရီ Khaneri ဆိုတဲ့ ရှေးအမည်ကနေ ကာလရွေ့လျောက ယခုအခါမှာတော့ ခန်ဟိရီ Kanheri ( အနက်ရောင် တောင်တန်း ) လို့ ခေါ်ဆိုနေကြတယ်၊

      သမိုင်းများ၏ အဆိုအရ ဘီစီ ၁ ရာစု မှ အေဒီ ၉ ရာစု (1st Century B.C. to 9th Century A.D.) အထိ ကာလအတွင်းမှာ ဘုရားရှင်သားတော် ရဟန်းတော်များ စာပေသင်ကြားခဲ့ရာ၊ တရားဓမ္မ ၀ိပဿနာ ကျင့်ကြံအားထုတ်ရာ နေရာအဖြစ် တည်ရှိခဲ့တယ်၊ ကြားဖူးတဲ့ ရာဇ၀င်အရတော့ အိန္ဒိယ မြောက်ပိုင်းဖြစ်တဲ့ ဗုဒ္ဓဂါယာ ဒေသကနေ ရဟန်းတော်များ အန္တရာယ် များတဲ့အတွက် ဘေးရန်ကင်းလွတ်ရာ တောင်ပိုင်းဒေသကို ထွက်ခွာလာကြပြီး အခြေချ နေထိုင် သီတင်းသုံးခဲ့ကြတယ်လို့ ဆိုပါတယ်၊

      ဒီတောင်တန်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၅၀၀ ကျော်မှာ တည်ရှိပြီး မွန်ဘိုင်း ( ဘုံဘေ ) မြို့ကနေ ၄၅ ကီလိုမီတာလောက် ကားနဲ့ သွားနိုင်တယ်။
 ထူးခြားတာက ယခုခေတ် ပညာရှင်များ အတုယူစရာဖြစ်တဲ့ ကျောက်ဆစ်ပန်းပု လက်ရာများပဲ ဖြစ်ပါတယ်၊ ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်တွေ သူတို့ခေတ်က ယဉ်ကျေးမှု့ဆိုင်ရာ ရုပ်ပုံတွေ စတဲ့ လက်ရာတွေက မပြည့်စုံ မဖွံ့ဖြိုးသေးတဲ့ ရှေးခေတ်ကလူတွေရဲ့ စွမ်းရည်ကို ဖော်ထုတ်ပြသနေခဲ့တယ်၊

     ရှည်လျားလှတဲ့ တောင်တန်းပေါ်မှာ များပြားလှတဲ့ လှိုဏ်ဂူတွေကို လိုက်လံ ကြည့်ရှု့ရင်း ရင်သပ်ရှုမောပြီး အံ့သြရတယ်၊ နေရာ အသီးသီးမှာ မတူညီတဲ့ ကျောက်ဆစ်လက်ရာတွေကို များပြားစွာ တွေ့ခဲ့ရတယ်၊ လှိုဏ်ဂူတွေ များလွန်းတာကြောင့် ပင်ပန်းပြီး အားလုံး မသွားနိုင်ကြတော့ပါဘူး၊ တဖွဲ့လုံးလဲ မောပန်းနွယ်နယ် နေကြပြီ၊
- မြတ်စွာဘုရားရှင် လက်ထက်တော်ကတော့ ဘုရားရှင်ဆီမှာ ကမ္မဋ္ဌာန်းတောင်းပြီး သစ်တပင်အောက် ၀ါးတပင်အောက် လှိုဏ်ဂူတွေ ထဲမှာ တရားကျင့်ကြံပြီး ပေါက်မြောက်သွားသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်၊ အရိယာကြီးတွေကတော့ ဒီလို နေရာမျိုးမှာ” အဟော သုခံ ၀တ၊ အဟော သုခံ ၀တ “ အော် ချမ်းသာလေစွတကား အော် ချမ်းသာလေစွ တကား လို့ ဥဒါန်းကျူးရင့်လေ့ရှိကြတယ်၊

စွယ်စုံသုံး သတ္တု ဂယ်လီယမ်

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ

ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

ဂုဏ်သတ္တိ

လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့  ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။

အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုမှု

နည်းပညာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းတော်တော်များများမှာလည်း ဂယ်လီယမ် သတ္တု (လျှပ်တစ်ဝက် ကူး ပစ္စည်း/ Semiconductor) ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါ အပူလွန်ကဲပြီး လောင်ကျွမ်းနိုင်တဲ့ amplifier တွေမှာ ဂယ်လ်လီယမ်ကို ထည့်သွင်းထားပါတယ်။ ဖုန်း ကြာကြာ အားသွင်းလို့ မီးလောင်တယ်ဆိုတာ၊ ကြာကြာပြောလို့ အရမ်းပူလာတယ်ဆိုတာ ဂယ်လီယမ် ပါဝင်မှု နည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။

လပ်(ပ်)တော့၊ စားပွဲတင်ကွန်ပျူတာ တွေထဲက Chip တွေမှာလည်း Gallium သတ္တုသုံး ဆီမီးကွန်ဒတ်တာတွေ ပါဝင်ပါတယ်။ အပူချိန် လွန်ကဲမှုကို ထိန်းညှိပေးတဲ့ နေရာမှာ သူက အကောင်းဆုံး လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။ သူချည်းသက်သက်ဆိုရင်တော့ အရည် ပျော်တတ်ပေမယ့်။ သွပ် (zinc)၊ အလူမီနီယမ်တို့လိုနဲ့ ရောစပ် အသုံးပြုတဲ့အခါ အင်မတန် အကျိုးရှိတဲ့ Semiconductor တစ်လုံး ဖြစ်လာပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှု

အီလက်ထရောနစ် ပစ္စည်းတွေမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ ဆေးဝါး မှာလည်း အသုံးပြုပါတယ်။ ရေဒီယိုဓာတ်ကြွနည်းပညာ သုံး ပိုးသတ်ဆေးဝါးတွေမှာ Gallium အရည်ကို Percentage အနည်းငယ် ထည့်သွင်းထားပါတယ်။  သွေးထဲ ကယ်လ်ဆီယမ်ဓာတ်အင်မတန် လွန်ကဲတဲ့ ရောဂါမျိုးတွေမှာ သူက သွေးကိုထိန်းညှိပေးခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်တွင်း အူလမ်းကြောင်း၊ လည်ချောင်း -Organ များမှာ အနာတည်၊ ကင်ဆာ ဖြစ်တဲ့အခါ ဂယ်လီယမ် သတ္တုဓာတ်ပါတဲ့ ဆေးဝါးနဲ့ ကုသပါတယ်။

စစ်ဘက်ဆိုင်ရာ အသုံးပြုမှု

စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာလည်း အသုံးပြုပါသေးတယ်။ ပလူတိုနီယမ်တို့လို အန္တရယ်ကြီး လက်နက် ဒုံးကျည်ပစ္စည်းတွေရဲ့  ထိပ်ဖူးမှာ
ဂယ်လီယမ် အလွိုင်းကို ထည့်ထားရပါတယ်။ ပလူတိုနီယမ်ကနေ အလိုလို မြင့်တက်နေတဲ့ Allotropes များဟာ ဒီတိုင်းထားရင် ပေါက်ကွဲ တတ်ပြီး ဂယ်လီယမ်က ထိန်းထားပေးတာ ဖြစ်ပါတယ်။

အထွေထွေ အသုံးပြုမှု

ဂယ်လီယမ်ကို လွယ်လွယ်နဲ့ တူးဖော်ရရှိတာမဟုတ်တဲ့အတွက် အသုံးပြုတဲ့ အခါကျတော့ ကျန်ရှိတဲ့ အစအန အားလုံးက အစ အသုံးဝင်ပါတယ်။ အလူမီနီဟိုက်ဒရောဆိုက်ကို သန့်စင်လို့ ကျန်ရှိတဲ့ မသန့်စင်သော ဂယ်လ်လီယမ်တွေကိုတောင် မှန်၊ ဇွန်း၊ခရင်း၊ အစရှိသဖြင့် အိမ်သုံး ပစ္စည်းတွေမှာ ရောစပ်ထည့်သုံးလို့ ရပါတယ်။ ပိုးသတ်ဆေး၊ ပေါင်ဒါ တွေမှာလည်း အသုံးပြုပါတယ်။ အခြားသော အသုံးပြုမှုပေါင်း မြောက်များစွာလည်း ရှိနေပါသေးတယ်။

ထွက်ရှိသည့် နိုင်ငံ

အမှန်တကယ် တွေ့ရှိတာတော့ ရုရှားနိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအများဆုံး ထွက်နေတဲ့ နိုင်ငံက တရုတ်ပြည်မကြီး ဖြစ်ပါတယ်။ အကောင်းဆုံး အသုံချနိုင်မှုကတော့ အမေရိကန် ဖြစ်ပြီး ကုန်ကြမ်းမရှိလည်း ဓာတ်ခွဲခန်းကနေ ကိုယ်တိုင် ဖန်တီး ထုတ်ယူတဲ့အဆင့်ထိတောင် ပြုလုပ်ကြပါတယ်။ သို့ပေမယ့် မလုံလောက်တဲ့အတွက် မှာယူမှုများ ပြုလုပ်ရပါတယ်။

အနာဂတ်တွင် Gallium ရှားပါးနိုင်မှု

အများစုကို တရုတ်ပြည်မကြီးက ပိုင်ဆိုင်ထားတာဟာ အဓိက ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွန်မြူနစ် ပေါ်လစီအရ ပြည်တွင်း တွင်းထွက်ကို ပြည်ပ သို့ တင်ပို့မှုများ အင်မတန် တင်းကြပ်ထားပါတယ်။ တော်ရုံ ဝယ်လို့ မရပါဘူး။ တရုတ်ပြည်မှာ တွင်းထွက်ရှိပေမယ့် သန့်စင်မှု လုပ်ငန်းမှာ အားနည်းနေပါတယ်။ ဒါကြောင့် ကိုယ်တိုင် တူးဖော်အသုံးပြုပေမယ့် အနောက်တိုင်းများလောက် ထိထိရောက်ရောက် အသုံးမပြုနိုင်ပါဘူး။ သို့ပေမယ့် ရည်ရွယ်ချက်က ပြည်တွင်း အီလက်ထရောနစ်၊ စစ်ဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဂယ်လီယမ်တင် မကပဲ ကမ္ဘာ့အရှားပါးဆုံး ၁၀မျိုးသော မက သတ္တု အမျိုးပေါင်း မြောက်များစွာလည်း ပိုင်ဆိုင်ထားပါတယ်။

တရုတ်ပြည်တွင်း စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်နေပေမယ့် သတ္တုအသုံးပြုမှုမှာ အကျိုးသက်ရောက်မှု နည်းတဲ့အတွက် အလဟသ ကုန်ဆုံးသွားမှာကို အနောက်တိုင်းက စိုးရိမ်နေကြပါတယ်။ အမေရိကန်က အဓိက အခံရဆုံး နိုင်ငံ ဖြစ်ပြီး Gallium ရဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့် ယခုနှစ်လယ်ပိုင်းကစပြီး ကမ္ဘာ့စီးပွားကုန်သွယ်မှုအဖွဲ့အစည်း (WTO) ကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် ထူးခြားလာမှု မရှိသေးပါဘူး။ ဓာတ်ခွဲခန်းကနေ အကုန်အကျ အဆပေါင်းများစွာ ခံပြီး ထုတ်လုပ်ရမယ့် အနေအထားမှာ ရှိပါတယ်။

ဒါကြောင့် အနာဂတ် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုမှာ ဂယ်လီယမ် နဲ့ အခြား ရှားပါးသတ္တုများ မရှိတော့ဘူးဆိုရင် ဘယ်လို ရှေ့ ဆက်မယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နည်းပညာမှာ ထိပ်တန်း ပြေးတဲ့ အမေရိကန်နိုင်ငံမှာတော့ သုသေတနလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းများမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
--
Ref:ABSnew, Wiki
International news for myanmar

--
Posted 19th May 2013 by Aung Khamkyaw
Labels: နည်းပညာ ဗဟုသုတ ဆောင်းပါး